ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေး Phase-6 ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီကစတင်၍ ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြားမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ကိုဗစ်-၁၉ရောဂါ အပါအဝင် မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။

စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု၊ ရေလည်စုကျေးရွာ အေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု ရေလည်စုကျေးရွာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲမှူးကြီးအောင်သူ၊အဖွဲ့ဝင်ဦးစိန်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့က သွားရောက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ ဒေသခံပြည်သူ များနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားအုန်းဆီများကိုဈေးကားဖြင့် လှည့်လည်၍လက်လီရောင်းချပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံး စွဲနိုင်ရေးအတွက်၊ စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ စားအုန်းဆီလက်လီ ရောင်းချခြင်းများကို၊ ယနေ့ နံနက်(၉)နာရီက သတ်မှတ်အရောင်းဆိုင်များအပြင် ဈေးကားဖြင့် လှည့် လည်ရောင်းချပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာရှိ IDPစခန်းနှင့် ဒေသခံဘင်္ဂါလီများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ်(ပထမ)အကြိမ်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာရှိI DP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများနှင့် ဒေသခံ ဘင်္ဂါလီပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား သတ္တမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin)ကို ယနေ့နံနက် (၉)နာရီက ထိုးနှံခဲ့ကြောင်း သိရသည်။

မိုးနဲမြို့၌ ပဲပြားတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချသူ မိသားစုအပိုဝင်ငွေရရှိ

မိုးနဲမြို့၌ ပဲပြားတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချသူ မိသားစုအပိုဝင်ငွေရရှိ မိုးနဲ ဖေဖော်ဝါရီ ၂၄ မျိုးညွန့်ရွှေ(မိုးနဲ)

ခေါဇာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပိုးသတ်ဆေးဖျန်ခြင်း ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ အပါအဝင် ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ်လုံးကျွတ် “ပန်းခင်းစီမံချက်” လျာထားချက်လုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် “ပန်းခင်းစီမံချက်” ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ စတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြရာ ယခုအခါ မြို့နယ်လုံးကျွတ် “ပန်းခင်းစီမံချက်” လျာထားချက်လုပ်ငန်းများ ရာနှုန်းပြည့် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မော်လိုက်မြို့၌ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများနှင့် ကိုဗစ်ပိုးတွေ့ လူနာများအတွက် ပါးစပ်၊နှာခေါင်းစည်းများနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကိုဗစ်ပိုးတွေ့ လူနာများအတွက် ပါးစပ်၊နှာခေါင်းစည်းများနှင့် ကြက်ဥများ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့၌ မီး​ဘေးအန္တရာယ် ကြိုတင် ကာကွယ်​ရေး အသိ​ပေးနှိုး​ဆော်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​နိုင်ရေး အသိပေးနှိုး​ဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်း စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ယမန့်​နေ့ ည​နေပိုင်းတွင် ​ချောက်မြို့​ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိ​ပေးနှိုး​ဆော်ခဲ့သည်။
Subscribe to