မြို့သစ် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ မန်ကျည်းသီးစျေးကွက်သို ့မန်ကျည်းသီးများ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်မှ မန်ကျည်းသီးဝယ်ယူသူ တစ်ဦးထံက သိရသည်။
အညာဒေသတွင် မန်ကျည်းပင်များကို အများအားဖြင့် စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျ နှစ်ကြာမန်ကျည်းပင်များကို အိမ်ဝိုင်းပိုင်ရှင်များက အသီးသီးရင့်မှည့်ချိန် မန်ကျည်းသီးများ ပုတ်ယူရောင်းချကြကြောင်း၊ မန်ကျည်းပင်များက မိသားစုတစ်ဖက်တစ်လမ်းက ဝင်ငွေဖြည့်ဆည်းပေးနေသည့် ပဒေသာပင်များအဖြစ် ခေါ်ဆိုနေကြကြောင်း သိရ သည်။
မန်ကျည်းပင်များကို တစ်သီးသီးပြီးတိုင်း နာနာပုတ်မှသာ မန်ကျည်းပင်များ အညွန့်၊ အကိုင်းအထွက်သန်ကာ နောက်တစ်ကြိမ် ပြန်လည်အသီးသီးချိန်၌ အသီးသီးနှုန်း ကောင်းမွန်ကြောင်း ဒေသခံများက ပြောသည်။ မြို့သစ်မြို့နယ်တွင် မန်ကျည်းပင် အမြောက်အများရှိကြပြီး မန်ကျည်းသီးပုတ်ယူရောင်းချချိန်၌ တစ်ပိဿာ (၁၄၀၀/၁၅၀၀)ကျပ်စျေး ရောင်းရသဖြင့် မန်ကျည်းသီးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)