နတ်တလင်းမြို့နယ်၌ ကွန်ကရစ်လမ်းချဲ့ခင်းခြင်း၊ ကွန်ကရစ်တံတား ၂စင်း ချဲ့ခင်းခြင်း၊ လမ်းမီးတိုင် (၄)တိုင် ရွှေ့ပြောင်းစိုက်ထူခြင်းလုပ်ငန်း ၅၀ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရုံးလမ်းဘေး ကွန်ကရစ်လမ်းချဲ့ခင်းခြင်း၊ ကွန်ကရစ်တံတား ၂စင်း ချဲ့ခင်းခြင်း၊ လမ်းမီးတိုင် (၄)တိုင် ရွှေ့ပြောင်းစိုက်ထူးခြင်း လုပ်ငန်း ၅၀ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်ထံမှ သိရသည်။

ဝါးခယ်မမြို့နယ်‌ ကျေးရွာအုပ်စု(၂)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်(၉)နာရီက ‌‌ ကွမ်းသီးချောင်းလေးနှင့် ဘိုးဘေးအညာစုကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး  ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

သရက်မြို့၌ ကိုဗစ်မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက လူစည်းကားရာ နေရာများဖြစ်သည့် မြို့မဈေးရှေ့နှင့် ဘုရားကြီး မြောက်ဖက် ဈေးရောင်၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစည်ကားသောနေရာများတွင် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇ အသစ် အိုမီခရွန်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကမြောကင်းလမ်းနှင့် စျေးများတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစည်ကားသောနေရာများတွင် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇ အသစ် အိုမီခရွန်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကမြောကင်းလမ်းနှင့် စျေးများတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့၌နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့် ပျိုးပင်များထောက်ပံ့

စစ်ကိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးရုံးတွင် တောင်သူ များအား နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။

မိုးယွန်းကြီးအင်းအတွင်း တရားမဝင်ငါးဖမ်းကိရိယာဖြစ်သည့် ဘက်ထရီရှော့တိုက် (ကျင်စက်) ဖြင့် ငါးရှာ​ဖွေဖမ်းဆီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်းအတွင်း ငါးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ငါးမျိုးများပြန့်ပွားစေရန် ရည်ရွယ်၍ ငါးရှာဖွေဖမ်းယူ အသက်မွေးဝမ်းကြောင်း ပြုကြသူများအနေဖြင့် တရားမဝင် ငါးဖမ်းကိရိယာဖြစ်သည့် ဘက်ထရီရှော့တိုက်(ကျင်စက်) ဖြင့် ငါးရှာဖွေဖမ်းဆီးမှု မရှိစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မိုးယွန်းကြီး အင်းအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့‌ ကြေးပေးအပ်ခြင်းအခမ်းအနားကျင်းပ

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့‌ကြေးပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁၊၂၊၃) ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိသည်။
Subscribe to