ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ ​​ဒေသဖွံ့ဖြိုး​ရေး ကွင်းဆင်းစစ်​ဆေး

ဖား​ဆောင်း ဖေ​ဖော်ဝါရီ ၂၄

 ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ဝမ်​အောင်း(ကယား) ကျေးရွာ ​ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်ပညာ​ရေးအဖွဲ့တို့က ယ​နေ့နံနက် (၈) နာရီ အချိန်က ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်းသိရသည်။

 ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ ၊မြို့နယ်ပညာ​ရေးမှူး ဦးကြည်လင်းနှင့် အဖွဲ့ဝင်များသည် ​ဝမ်​အောင်းကယား​ကျေးရွာအတွင်း အ​ခြေခံ ပညာအလယ်တန်း​ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့်​တွေ့ဆုံ၍ ကျောင်းသား၊ ​ကျောင်းသူများ စာသင်ကြားမှု အ​ခြေအ​နေနှင့် ဆရာ၊ဆရာမများ၏ အခက် အခဲများ၊​ကျောင်းသားမိဘတို့၏ အခက်အခဲများနှင့် စာသင်ကြားမှု အ​ခြေအ​နေများကို​မေးမြန်းခြင်း လိုအပ်ချက်များ ညိုနှိုင်းဆောင်ရွက်​ပေးခြင်းတို့ ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နယ်စပ်​သေနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်​ရေးရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၁-၂၀၂၂ ပထမ(၆)လပတ် ဘဏ္ဍာ​ရေးနှစ် ပြည်နယ်ရန်ပုံ​ငွေ (၉၈.၉၁၀) ကျပ်သန်းဖြင့် ​ရွှေရည်ဝင်းလျှံကုမ္ပဏီမှ တာဝန်ယူ​ဆောင်ရွက်​နေသည့် ဝမ်​​​အောင်းကယား​ကျေးရွာ (၃/၀)မိုင်လမ်း​ပေါ်ရှိ(၄၅​ပေ×၁၂​ပေ)ကွန်ကရစ်တံတား တစ်စင်းတည်​ဆောက်​နေမှုအား ကြည့်ရှုစစ်​ဆေးပြီး အချိန်မီပြီးစီး​​​ရေးနှင့် လုပ်ငန်း အရည်အ​သွေး​ကောင်းမွန်​စေ​ရေး တာဝန်ယူ​ဆောင်ရွက်​နေသည့် ​ရွှေရည်ဝင်းလျှံကုမ္ပဏီမှ တာဝန်ရှိသူအား လမ်းညွှန်မှာကြား စစ်​ဆေး ကြည့်ရှုခဲ့​ကြောင်းသိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)