ဟင်္သာတမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ကြေညာ

ယခုအခါတွင် ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့မွန်းလွဲ ၁နာရီ အချိန်က မြို့တွင်းရပ်ကွက်များသို့ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပရဟိတအဖွဲ့များအား ကျန်းမာရေးသုံးအကာအကွယ် ပစ္စည်းများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပရဟိတအဖွဲ့များအား ကျန်းမာရေး သုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဖျာပုံမြို့နယ်၊ အမာမြို့၊ ထောင့်ကြီးတန်းကျေးရွာ Cyclone.Shelter သစ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင့်ကြီးတန်းကျေးရွာသည် ပင်လယ်ကမ်းခြေဒေသဖြစ်ပြီး လေပြင်းဘေး၊ မုန်တိုင်းဘေး၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဘေးအန္တရာယ် ကျရောက်ပါက လုံခြုံစိတ်ချစွာ နားခိုနိုင်ရန် ရည်ရွယ် ၍ Cyclone. Shelter သစ်လွှဲပြောင်းပေးအပ်ပွဲကိုယမန်နေ့ နေ့လည်ပိုင်းက ထောင့်ကြီးတန်းကျေးရွာ Cyclone. Shelter ၌ ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၁၆၀၅၁၃)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ (၁၂၉၈၅၁)ဦးနှင့် Booster Dose ထိုးနှံပြီးသူ (၁၉၃၅) ဦးရှိပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ / အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်း များ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်းများ / ဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား အင်းစိန် မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဖေဖော်ဝါရီလ (၂၃) ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ (၁၆၀၅၁၃) ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ (၁၂၉၈၅၁) ဦးနှင့် Booster Dose ထိုးနှံပြီးသူ (၁၉၃၅) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် Mask Campaign ပူးပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ လှေကြီးတတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ် ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ​ပြောင်း (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပူးပေါင်းလုပ်ဆောင်ခြင်းများကို ယမန်နေ့ မှ စတင်ကာ လှေကြီးတတ်ကျေးရွာတွင် ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံလမ်းမများ၊ ပုသိမ်-သာပေါင်း ကားလမ်းမတွင်  မော်တော်ယာဉ်များ စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်လတ်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈နာရီအမှတ်(၃)ရပ်ကွက် ၇ လမ်း မီးပွိုင့်ထိပ်နှင့် မြို့မ‌ဈေးကြီးတို့တွင်   ပြုလုပ်ခဲ့ကြသည်။ 

ဘုတ်ပြင်းမြို့မဈေးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များနှင့် ဝယ်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ ရောင်းရောင်းချခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထဲရေးမိသားစုမှ ဆွမ်းဆန်တော်များ လှူဒါန်းပေးအပ်

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Subscribe to