မြို့သစ်မြို့နယ်တွင် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးရာသီ၌ ယခင်နှစ်စိုက်ပျိုးဧကထက် လျှော့ချ စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိ

မကွေးတိုင်းဒေသကြီး  ၊   မြို့သစ်မြို့နယ် ၊ ဖိုကုန်းကျေးရွာရှိ တောင်သူများအနေဖြင့် ယခုနှစ် ကြက်သွန်နီစိုက်ပျိုးရာသီတွင် ယခင်နှစ်ကထက် စိုက်ပျိုးဧကများကို လျှော့ချ၍ စိုက်ပျိုးရန် စီစဉ်နေ ကြောင်းသိရသည်။ တောင်သူများအနေဖြင့် ယခင်နှစ်များက တောင်သူတစ်ဦးလျှင် ကြက်သွန်နီ (၄) ဧကခန့်စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပြည်ပသို့တင်ပို့ ရမှုနည်းပါးခြင်း၊ ကြက်သွန်နီသည် ပြည်သူများ၏ အခြေခံစားသောက်ကုန်ဖြစ်သဖြင့် အလှူမင်္ဂလာ ပွဲများတွင် အသုံးပြုရမှုနည်းပါးခြင်း ၊ ယခင်နှစ်က ကြက်သွန်နီစျေးနှုန်းကျဆင်းခြင်းကြောင့် အခက် အခဲအကျပ်အတည်းများကြုံတွေ့ရပြီး တောင်သူများ၏စီးပွားရေးကို တိုက်ရိုက်ထိခိုက်မှု ရှိကြောင်း ဖိုကုန်းကျေးရွာ ကြက်သွန်နီစိုက်တောင်သူများထံက သိရသည်။

ဖောင်းပြင်မြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူ၏ မိသားစုဝင်အား ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် စက်တင်ဘာလ ၂၆ရက်နေ့က  မိုးကြိုးလျှပ် စီးကြောင့် မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာတွင်နေထိုင် သူအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရာ သေ ဆုံးခဲ့သူ၏ မိသားစုဝင်အား ထောက်ပံ့ငွေကျပ်(၃၀၀၀၀၀) သုံးသိန်းကို ယမန်နေ့ညနေ ၃ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပေးအပ်သည်။

ကြံခင်းမြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်၊ကြံခင်းမြို့တွင်(၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်ကကြံခင်းမြို့မြို့မရဲစခန်းအစည်းအဝေး ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ကျေးရွာတွင် မိုးမြေပဲမျိုးစေ့ထုတ်စိုက်ခင်း (၂၀) ဧကစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ကျေးရွာတွင် မိုးမြေပဲ (မကွေး-၁၆) မြေပဲမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း (၂၀) ဧကစိုက်ပျိုးထားကြောင်းသိရသည်။

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူအသိပညာပေးသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းက တောင်သူအသိပညာပေးသင်တန်း ဖွင်းလှစ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့နံနက် ၈ နာရီ အချိန် က မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ (RDT) ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်းဆွမ်းကိစ္စများအခက်အခဲမဖြစ်ပေါ်စေရေးအတွက်ဘုန်းတော်ကြီးကျောင်းများသို့ဆွမ်းကိစ္စများအဆင်ပြေစေရန်အတွက်ယနေ့နံနက်(၉:၃၀)နာရီအချိန်ကဆွမ်းဆန်များနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့သည်။

မိုင်းခတ်မြို့တွင်ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုမရှိ‌စေရေး အာခါနှင့်လားဟူ တိုင်းရင်းသား ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်‌​ရေး အသိပညာပေး နှိုးဆော်မှုများကို Hand Speaker ဖြင့် ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြား‌​ရေးနှင့် ပြည်သူ့ဆက်ဆံ‌​ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က မိုင်းခတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ပါဆံကျရွာတွင် အာခါနှင့်လားဟူ တိုင်းရင်းသားဘာသာဖြင့် အသိပေး နှိုးဆော်ခဲ့ သည်။

ဗန်းမော်မြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ်ဗန်းမော်တွင်(၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကိုယနေ့နံနက်၉နာရီကဗန်းမော်မြို့မရဲစခန်းဝန်းရှိရဲသီဟခန်းမ၌ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ "ပန်းခင်းစီမံချက်" အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီမှုးရုံးမှ"ပန်းခင်းစီမံချက်"အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကိုယမန်နေ့ညနေပိုင်းက အိမ်မဲမြို့အဝင်နှင့်လူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း (သဲကွင်း) ရှေ့၌ စိုက်ထူခဲ့ကြောင်းသိရသည်။
Subscribe to