ကိုဗစ်ရောဂါပိုးရှိသည့် လူနာများကို ကိုဗစ်စင်တာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာ့ ဝန်ထမ်းနှစ်ဦး၏ ရင်တွင်း စကားသံများ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ပထမအပတ်၌ ရောဂါဖြစ်ပွားမှုများပြား ခဲ့၍ သေဆုံးမှုများလည်းရှိခဲ့ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ပြီး ကုသရေးစင်တာများဖြင့် ကိုဗစ်ပိုးတွေ့လူနာများကို ဆေးကုသမှုပေးခဲ့သဖြင့် လက်ရှိအချိန်တွင် ရောဂါပိုးကူးစက်မှု လျော့နည်း လာခဲ့ပြီဖြစ်သည်။