နတ်မောက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ကျေးရွာတွင် မိုးမြေပဲ (မကွေး-၁၆) မြေပဲမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း (၂၀) ဧကစိုက်ပျိုးထားကြောင်းသိရသည်။
အဆိုပါစိုက်ခင်းမှ မြေပဲမျိုးသန့်ထုတ်၍ နောင်နှစ်မိုးရာသီတွင် မျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် ပန်းပွင့်ချိန် မျိုးကွဲနုတ်ပယ်ခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများအား နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းဆောင်ရွက်ခဲ့သည်။
“ကျွန်မတို့ အခုလိုမြေပဲမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းတွေ စိုက်ပျိုးခြင်းအားဖြင့် မြေပဲစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်လာခြင်း၊ ဝင်ငွေကောင်းလာစေခြင်း၊ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်လာစေခြင်း စတဲ့အကျိုးကျေးဇူးများကို တောင်သူတွေခံစားရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မျိုးသန့်မျိုးစေ့ ထုတ်စိုက်ခင်းများစိုက်ပျိုးရတာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို ထံမှ သိရသည်။
သင်းသင်းမြတ်