တနင်္သာရီတွင် ဩဂုတ်လ(၁ရက်မှ၁၃)အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးPositive Centre များ အတွင်းမှ ထိရှလွယ်အုပ်စုများအား ထောက်ပံ့ငွေ(၃၀၀၀၀) ကျပ်စီထောက်ပံ့ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရပ်ကွက်/ကျေးရွာများ၌ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁ရက်မှ၁၃ရက်)အထိ သတ်မှတ်ကာလအတွင်း ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိပြီး မြို့နယ်အတွင်းမှ Community Positive Centre နှင့် Treatment Centre များတွင် အသွားအလာကန့်သတ်၍ ဆေးဝါးကုသမှုခံယူကြသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅)နှစ်အောက် ကလေးငယ်များနှင့် အသက်(၆၀)နှစ်အထက် ထိရှလွယ်အသက်ကြီးရင့်သူများ၊မသန်စွမ်းသူများ စသဖြင့် ထိခိုက်ရှလွယ်အုပ်စုများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မြိတ်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ တစ်ဦးလျှင်ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် စီအား အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူး၊ဆယ်အိမ်မှူးများအဖွဲ့မှ ယမန်နေ့က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။