အိမ်မဲ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီမှုး ရုံးမှ"ပန်းခင်းစီမံချက်"အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကိုယမန်နေ့ညနေပိုင်းက အိမ်မဲမြို့အဝင်နှင့်လူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း (သဲကွင်း) ရှေ့၌ စိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါ ဆိုင်းဘုတ်တင်စိုက်ထူခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ" ပန်းခင်းစီမံချက်" ဆောင်ရွက်မှုအားပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "ပန်းခင်းစီမံချက်" ဖြင့်ဆိုင်း ဘုတ်စိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အသိပညာပေးစိုင်းဘုတ်မစိုက်ထူမှီ အဆိုပါဆိုင်းဘုတ်များအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြောင်းသိရသည်။
နိုင်ငံသားမှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့ရဲ့လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေးစတဲ့ လူမှုစီးပွားဘဝမြှင့်တင် နိုင်မည်ဖြစ်ပါတယ် ရှေ့ပြေးလျှောက်လွှာများကို မြို့နယ် (လဝက)ရုံးမှာ အခမဲ့တောင်းခံနိုင်ကြောင်းနဲ့ မေးမြန်းစုံစမ်းရန်၊ ကူညီဆောင်ရွက်ပေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင် ရွက်မည့်သူများအနေနဲ့ မြို့နယ်(လဝက)ရုံးနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း "မြို့နယ် (လဝက) ဦးစီးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ချစ်သက်လယ် ( အိမ်မဲ ပြန် / ဆက်)