ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မောင်တော အောက်တိုဘာ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့နံနက် နာရီ အချိန် က  မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်   ကိုဗစ်-၁၉ ပိုး ရှိ/မရှိ (RDT) ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့မတောင်ရပ်ကွက်အနီးရှိ လမ်းသွားလမ်းလာ ပြည်သူများထဲမှ လာရောက်စစ်ဆေးခံယူသူ စုစုပေါင်း (၄၂) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့ထဲမှ ဘူးသီးတောင်မြို့နေသူ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး သီးသန့်ယာဉ်ဖြင့် မောင်တောပြည်သူ့ဆေးရုံသို့  ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ပေးနေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး