ဖောင်းပြင်မြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူ၏ မိသားစုဝင်အား ထောက်ပံ့

ဖောင်းပြင် အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် စက်တင်ဘာလ ၂၆ရက်နေ့က  မိုးကြိုးလျှပ် စီးကြောင့် မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာတွင်နေထိုင် သူအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရာ သေ ဆုံးခဲ့သူ၏ မိသားစုဝင်အား ထောက်ပံ့ငွေကျပ်(၃၀၀၀၀၀) သုံးသိန်းကို ယမန်နေ့ညနေ ၃ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပေးအပ်သည်။

 

ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ခေတ္တ) ဦးအောင်လောဟာနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ မြို့နယ်ဦးစီးဌာနရုံးက တာဝန်ရှိသူ တို့ကပေးအပ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးတို့က သေဆုံးသူမိသားစုကိုယ်စား လက်ခံရယူခဲ့ကြောင်းသိရသည်။

 

ကိုထွန်း(ဖောင်းပြင်)