တနိုင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းရှိ သာသနာ့ဝန်ထမ်းများအား နှာခေါင်းတို့ဖတ်(RDT Test Kit)ဖြင့် ရောဂါပိုး အခမဲ့စစ်ဆေးပေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီမှ စ၍ မြို့ပေါ်သီလရှင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် နှာခေါင်းတို့ဖတ်(RDT Test Kit) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး ယခုလအတွင်းထိုးနှံပေးမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၄၆၀၀)ကျော်အား ယခုအောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ပံတန်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား အခြေခံစားသောက်ကုန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလအတွင်း ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် ဆန်၊ဆီ၊ဆား၊ပဲ စသည့်အခြေခံ စားသောက်ကုန်များဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ၁ နာရီ က ရွှေတောင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

ရေးမြို့နယ် ရန်မျိုး​အောင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်း ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက် မရမ်းကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁)ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။

ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်(Talk Show) ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာအနီးရှိ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမိတက်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ သည် ယနေ့ နံနက်(၉)နာရီ မိနစ်(၄၀)အချိန်ခန့်ရောက်ရှိ၍ စပါးအခြောက်ခံစက်အား ကြည့်ရှု လေ့လာ ခြင်း၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ စပါးထုတ်လုပ်မှုများနှင့်ပတ်သက်၍ မေးမြန်းရာ တောင်သူ များမှ ဖြေရှင်းတင်ပြခြင်း၊ (၅)ဧကခွဲခန့်ရှိ စပါးစံပြစိုက်ကွက်အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ ဧရာဝတီမြစ်ရေတင်စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြ၍ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၀.၉)ပေဆက်လက် ရေကျော်ကျလျက်ရှိ

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့မွန်းတည့် (၁၂)နာရီ တိုင်းထွာချက် အရ ရေပိုလွဲမှ (၀.၉) ပေ ဆက်လက်ရေကျော်လျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံမှသိရသည်။

နတ်မောက်မြို့နယ် တံခွန်တိုင်ချောင်းတွင် မော်တော်ယာဉ်တစ်စီး ချောင်းအတွင်းသို့ထိုးကျ၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှကူညီ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှု ကြောင့် တံခွန်တိုင်ကျေးရွာ တံခွန်တိုင်ချောင်းတွင် ရေစီးသန်၍ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့မှ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာသို့မောင်းနှင်လာသောယာဉ်အမှတ်9J/6532ISUZU(ခဲရောင်)မော်တော်ယာဉ်သည်တံခွန်တိုင်ချောင်းရေကျော်အား ဖြတ်ကူးရာ ချောင်းရေကြီးမှု ကြောင့်ချောင်း၏ ယာဘက် (၁၀)ပေ ခန့်အကွာ ယာဉ်တိမ်းမှောက်မှုမရှိဘဲ ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။
Subscribe to