နတ်မောက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းက တောင်သူအသိပညာပေးသင်တန်း ဖွင်းလှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် တဲကြီးကျေးရွာအုပ်စုရှိ တောင်သူ (၂၅)ဦးတက်ရောက်ပြီး တောင်သူများအား ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းပဲတီစိမ်း သီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် GAP စိုက်နည်းစနစ် များကို တောင်သူများလက်တွေ့လိုက်နာကျင့်သုံးတက်စေရန် မြို့နယ်စိုက်မျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သင်ကြားပို့ချပေးခဲ့သည်။ ဆက်လက်ပြီးသင်တန်းတက်ရောက်လာသည့် တောင်သူများအား ငါးအမိုင်နိုအက်ဆစ်နှင့် ဂျစ်ပ်ဆန်ကျောက်မှုန့်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ချို ထံမှ သိရသည်။
သင်းသင်းမြတ်