လေးမျက်နှာ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလအတွင်း ဆွမ်းကိစ္စများ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် ယနေ့ နံနက်(၉:၃၀)နာရီအချိန်က ဆွမ်းဆန်များနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ လေးမျက်နှာမြို့နယ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးကုသလအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက် တည်၍ ကြွရောက်လာကြသောဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာကြားခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ် များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများမှ သာသနာတော်သုံးရပ်ကို နှစ်ငါးထောင်မက အဓွန့်ရှည်ကြာကာလတိုင်အောင် တည်တံ့ပြန့်ပွားစေရေးအတွက် ကြိုးပမ်းပွားများအားထုတ်လျက်ရှိကြသော ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာလေးများ၏ သာသနာပြုစွမ်းရည်များကို အလေးအမြတ်ထားလျက် ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းကွမ်းကိစ္စများ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် လေးမျက်နှာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၉၇)ကျောင်းမှ ရဟန်းသာမဏေ(၈၀၀)ပါး၊ သီလရှင်ကျောင်း(၃)ကျောင်းမှသီလရှင်(၅၅)ပါးတို့အား ဆွမ်းဆန်တော်(၇၂) အိတ်၊ ဆီ(၂၁၈)ပိဿာ၊ ဆား(၄၂၈)ပိဿာနှင့် ပဲ(၁၇၁)ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။
ကျော်ဟိန်း(လေးမျက်နှာ)