ဗန်းမော်မြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ဗန်းမော်     အောက်တိုဘာ     ၁

ကချင်ပြည်နယ် ဗန်းမော်တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗန်းမော်မြို့မ ရဲစခန်းဝန်းရှိ ရဲသီဟခန်းမ၌ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးက (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး  ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူတို့က ဗန်းမော်ခရိုင်အတွင်းရှိ ဆုရရှိသည့်ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုပေး အပ်ခြင်းနှင့် အခမ်းအနားသို့တက်ရောက်လာသည့် လက်ရုံးတပ်ဖွဲ့ဝင်များနှင့် အငြိမ်းစားရဲဝန်ထမ်းဟောင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး၏ ဦးဆောင်မှုဖြင့် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် နံနက် ၅ နာရီခွဲက သံဃာတော်(၅)ပါးအား ပင့်ဖိတ်၍ ဗန်းမော်မြို့မရဲစခန်းဝန်းရှိဓမ္မာရုံ၌ အာရုဏ်ဆွမ်းနှင့်အလှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)