မြို့သစ်မြို့နယ်တွင် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးရာသီ၌ ယခင်နှစ်စိုက်ပျိုးဧကထက် လျှော့ချ စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိ

မြို့သစ် အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး  ၊   မြို့သစ်မြို့နယ် ၊ ဖိုကုန်းကျေးရွာရှိ တောင်သူများအနေဖြင့် ယခုနှစ် ကြက်သွန်နီစိုက်ပျိုးရာသီတွင် ယခင်နှစ်ကထက် စိုက်ပျိုးဧကများကို လျှော့ချ၍ စိုက်ပျိုးရန် စီစဉ်နေ ကြောင်းသိရသည်။ တောင်သူများအနေဖြင့် ယခင်နှစ်များက တောင်သူတစ်ဦးလျှင် ကြက်သွန်နီ (၄) ဧကခန့်စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပြည်ပသို့တင်ပို့ ရမှုနည်းပါးခြင်း၊ ကြက်သွန်နီသည် ပြည်သူများ၏ အခြေခံစားသောက်ကုန်ဖြစ်သဖြင့် အလှူမင်္ဂလာ ပွဲများတွင် အသုံးပြုရမှုနည်းပါးခြင်း ၊ ယခင်နှစ်က ကြက်သွန်နီစျေးနှုန်းကျဆင်းခြင်းကြောင့် အခက် အခဲအကျပ်အတည်းများကြုံတွေ့ရပြီး တောင်သူများ၏စီးပွားရေးကို တိုက်ရိုက်ထိခိုက်မှု ရှိကြောင်း ဖိုကုန်းကျေးရွာ ကြက်သွန်နီစိုက်တောင်သူများထံက သိရသည်။

 

မြို့သစ်မြို့နယ်တွင် ယခင်နှစ်က ကြက်သွန်နီအထွက်နှုန်းကောင်းသော်လည်း စျေးကောင်းမ ရရှိသည့်အတွက် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးရာသီတွင် အရင်းအနှီးမလုံလောက်သောကြောင့် စိုက် ပျိုးဧကများကိုလျှော့ချ၍စိုက်ပျိုးဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း ကြက်သွန်နီစိုက်တောင်သူ ဦးဝင်းဇော်ထံမှ သိရသည်။

 

မြင့်မြင့်ထွေး ( ပြန်/ဆက် )