ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြည်သူ့ဆေးရုံ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါပြင်းထန်လက္ခဏာလူနာများကို မြို့ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဆုရဲထက်နှင့် ကျန်းမာရေးဝန်ထမ်းများက သီးသန့်သံဃာဆောင်နှင့်ဆေးရုံသီးခြားလူနာဆောင်တို့တွင် ထားရှိ၍ပြုစုကုသ ပေးလျက်ရှိသည်။