ကြံခင်း အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့ မြို့မရဲစခန်း အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီး၊ မြိုနယ်ရဲတပ်ဖွဲ့မှုး ယာယီရဲမှုးကျော်ကိုကိုမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းကြောင်းနှင့် ရဲတပ်ဖွဲ့၏တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် တရားဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြောင်း သိရသည်။
ထိုနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာ ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ လူမှုရေးအသင်းအဖွဲ့များအား မြို့နယ်စီမံအုပ် ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တတ်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)