မိုင်းခတ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်မှုများကို Hand Speaker ဖြင့် ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က မိုင်းခတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ပါဆံကျရွာတွင် အာခါနှင့်လားဟူ တိုင်းရင်းသားဘာသာဖြင့် အသိပေး နှိုးဆော်ခဲ့ သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး အတွက် ပြည်သူများ အနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့်ပြင်ပသို့ မဖြစ်မနေ ထွက်ခွါပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်သွား လာကြရန်၊ပြင်ပမှလာသောဧည့်သည်များအားလက်မခံကြရန်၊နှာခေါင်းစည်း မတပ်သူများနှင့်တွေ့ဆုံခြင်း၊စကားပြောခြင်း၊စျေးဝယ်ခြင်းများမှရှောင်ကြဉ်ကြရန်၊ လူစုလူဝေးနှင့်သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်၂၀ကြာအောင် စနစ်တကျ ဆေးကြောရန်၊ မိမိ တို့၌ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေး ဌာနများသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများကို အခြားသော ကျေးရွာများတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်