လှိုင်းဘွဲမြို့နယ်တွင် စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စတုတ္ထအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့တွင်ပြည်သူများ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နှိုးဆော်ချက်များအသိပေးနှိုးဆော်

ကရင်ပြည်နယ်၊    ဘားအံခရိုင်၊  ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို  အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်သည့်ပြည်သူသို့ အသိပေးပန်ကြားချက်များကို   ကာကွယ်ဆေးထိုးရန်စုရပ် ဖြစ်သည့်   ပိုင်ကျုံမြို့   အခြေခံပညာအထက်တန်းကျောင်းတွင် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မလှိုင်မြို့၌ ပိုမိုထိရောက်မြန်ဆန်သော ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန် သော ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆေးနွေးပွဲကို ယမန်နေ့ နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အောင်သုခရပ်ကွက်အတွင်း၌ လူနေထူထပ်သည့် လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက အသံချဲ့စက်၊ Hand Spakerတို့ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၇၂၉၇)ဦးအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၇၂၉၇)ဦးအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinovac အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဖျာပုံမြို့တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်လျက်ရှိသော တောင်သူများ၏ ရင်တွင်းစကား

ဖျာပုံမြို့တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်လျက်ရှိသော တောင်သူများ၏ ရင်တွင်းစကား ဖျာပုံ အောက်တိုဘာ ၁၁ အောင်ဝင်းနိုင်

လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ရှိလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုအား မြို့ပေါ်/ရပ်ကွက်များသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ်(၃)ရပ်ကွက် ၌ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်းအသက်(၁၂) နှစ်အထက်ကျောင်းသား/သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုစာရင်းမှန်ကန်စေရေး Excel Data ဖြည့်သွင်းနည်းသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်းမှာ ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာလယ်တန်းနှင့်အထက်တန်း များ (၆၄)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ(၃၉၆၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းဆောင်ရွက်မည့် စီမံချက်ပါအတိုင်း မှန်ကန်ပြည့်စုံစွာဖြင့် VIMS စနစ်သို့ ဖြည့်သွင်းခြင်းဆိုင်ရာ Excel Data ဖြည့်သွင်းနည်း သင်တန်းဖွင့်ပွဲကို ပြုလုပ်ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် လုပ်ငန်းလျာထားချက်နှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအမံ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းလျာထားချက်နှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်း အစီအမံများတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်စုရပ်၊ မြို့နယ် အားကစား ခန်းမစုရပ်နှင့်၊ ကျေးလက် ကျန်းမာရေးဌာနစုရပ် (၁၀)နေရာတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက လက်ဆက်ထိုးနှံပေးသည်။
Subscribe to