ကျောက်တန်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာရေး ကောင်းမွနန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများကိုလည်း အခုလို ဖော်ပြလိုက်ရပါသည်-

ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက်ပြည်သူများအား ယမန်နေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေကြာပင်ဆေးပေးခန်းနှင့် သပြေကုန်း ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ခြင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော  အသက်(၁၈)နှစ်ပြည့်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိ ရေးအတွက် မေလ ပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် ဒုလဝကမှူး ဒေါ်ခင်ခင်ထွန်းနှင့် လဝကမှူး ဦးအောင်ဖြိုးသူတို့ ဦးဆောင်သော ဝန်ထမ်းများက ရှောပြာကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လူဦးရေ ၂၀၀ ဦးကို အပြီးသတ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပုသိမ်ခရိုင် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ)  ၆ လ ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(အောက်တိုဘာလ မှ မတ်လ အထိ) ၆ လ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္တအသုတ်(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္တအသုတ် (ပထမအကြိမ်)ထိုးနှံခြင်းကို မြေပုံမြို့အလယ်ပိုင်ရပ်ကွက်ရှိ မြို့နယ်ခန်းမ ဆေးထိုးစုရပ်နှင့် ဝက်ခေါင်းကျေးရွာ ဆေးထိုးစုရပ်တို့၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံ ပေးလျက်ရှိသည်။

ကျောက်မဲမြို့နယ်တွင် Book Club၊ Women Club နှင့် Youth Club အသင်းများပြန်လည်ဖွဲ့စည်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့်   ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က Book Club ၊ Women Club နှင့်Youth Club အသင်းများ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ကျောက်မဲခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပခဲ့သည်။

ဘားအံမြို့နယ် သံလှယ်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ကိုယ့်အားကိုယ်ကိုး အောက်ဆီဂျင်စက်ရုံတည်ဆောက် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၂၀)ထည့်ဝင်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များပူးပေါင်း၍ ကျေးရွာနေမိဘပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ကော့မှူး၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယမန်နေ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများအား ဈေးနှုန်းသက်သာစွာဖြင့်လာ‌ ရောက်ရောင်းချပေးနေကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း နေရပ်စွန့်ခွာစခန်းများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ယာယီဖွင့်လှစ်ထားသော နေရပ်စွန့်ခွာ စခန်းများ၌ လာရောက်ခိုလှုံ ရန်ရောက်ရှိနေကြသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ဆေးများ ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု (၁၅)ရက်အတွင်း စုစုပေါင်းလူဦးရေ(၃၃၁၈၀)ဦး ထိုးနှံပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို၊ မြို့ပေါ်ဆေးထိုးစုရပ်များအပြင်၊ ကျေးလက်နေပြည်သူများ အလွယ်တကူနှင့် ကုန်ကျစရိတ် သက်သာစွာ ထိုးနှံနိုင်စေရန်အတွက် Mobile Team များဖြင့် နယ်လှည့် ဆေးထိုးနှံမှုများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ၊ စက်တင်ဘာ (၂၄)ရက်နေ့မှ အောက်တိုဘာ(၈)ရက်နေ့အထိ (၁၅)ရက်အတွင်း လူဦးရေ စုစုပေါင်း(၃၃၁၈၀)ဦး ထိုးနှံပေးနိုင်ခဲ့ ကြောင်းသိရသည်။
Subscribe to