ကျောက်ပန်းတောင်း အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို၊ မြို့ပေါ်ဆေးထိုးစုရပ်များအပြင်၊ ကျေးလက်နေပြည်သူများ အလွယ်တကူနှင့် ကုန်ကျစရိတ် သက်သာစွာ ထိုးနှံနိုင်စေရန်အတွက် Mobile Team များဖြင့် နယ်လှည့် ဆေးထိုးနှံမှုများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာ (၂၄)ရက်နေ့မှ အောက်တိုဘာ(၈)ရက်နေ့အထိ (၁၅)ရက်အတွင်း လူဦးရေ စုစုပေါင်း(၃၃၁၈၀)ဦး ထိုးနှံပေးနိုင်ခဲ့ ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို အသက်(၁၈)နှစ်နှင့် အထက် လူပုဂ္ဂိုလ် မရွေး၊ ဘာသာ/လူမျိုးမရွေး ထိုးနှံနိုင်စေရန်အတွက် မြို့ပေါ်စုရပ်များဖြစ်သည့် မြို့နယ်လုံး ဆိုင်ရာ သာသနာ့ဗိမ္မာန် နှင့် အမှတ် (၁) အ.ထ.က ၊ပုပ္ပားတိုက်နယ်ဆေးရုံ၊ လက်ပံပျား အ.ထ.ကနှင့် ပွေးကျစ် အ.ထ.က တို့တွင် ဆေးထိုးစုရပ်(၅)ခုခွဲ၍ ဆောင်ရွက်ပေးခဲ့ရာမှ၊ ကျေးလက်နေပြည်သူများအားလုံး အလွယ်တကူနှင့် ကုန်ကျစရိတ် သက်သာစွာဖြင့် အပြည့်အဝ ထိုးနှံနိုင်စေရေး အတွက်၊ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် Mobile Team (၇)ဖွဲ့ ဖွဲ့စည်း၍ နယ်လှည့်ဆေးထိုးနှံမှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ၊ စက်တင်ဘာ(၂၄)ရက်နေ့ မှ အောက်တိုဘာ(၇)ရက်နေ့အထိ လူဦးရေ(၂၈၆၅၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး၊ အောက်တိုဘာ (၈)ရက်နေ့တွင် လူဦးရေ(၄၅၃၀)ဦး ထိုးနှံပေးခဲ့ရာ၊ စုစုပေါင်းလူဦးရေ(၃၃၁၈၀)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)