မေတ္တာမြို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး(ပထမအကြိမ်)ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် မေတ္တာမြို့ မိုးလုံလေလုံ တွင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။