မြေပုံ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္တအသုတ် (ပထမအကြိမ်)ထိုးနှံခြင်းကို မြေပုံမြို့အလယ်ပိုင်ရပ်ကွက်ရှိ မြို့နယ်ခန်းမ ဆေးထိုးစုရပ်နှင့် ဝက်ခေါင်းကျေးရွာ ဆေးထိုးစုရပ်တို့၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံ ပေးလျက်ရှိသည်။
ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦး လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်း ဦးဆောင်ကာ ကျန်းမာရေး ဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆေးထိုးစုရပ်များ၌ ဆေးထိုးရန်လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအတိုင်း မြို့နယ်ခန်းမ ဆေးထိုးစုရပ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုနေ ပြည်သူများ၊ ဝက်ခေါင်းကျေးရွာ ဆေးထိုးစုရပ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ကို စတုတ္တအကြိမ် (ပထမအသုတ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ဝင်း