ကျောက်မဲမြို့တွင်အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး အသက်(၄၅)နှစ်နှင့်အထက်ရှိသူများအားဆက်လက်ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့နံနက်(၉)နာရီအချိန်မှကစတင်ကာ အသက(၄၅)နှစ်နှင့် အထက်ရှိသူ မည်သူမဆို ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ်ထိုးနှံပေးမည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးသည် ဆေးတစ်လုံးလျင်လူ(၅)ဦးထိုးနှံနိုင် ကြောင်းလည်း သိရသည်။

တန့်ဆည်မြို့တွင် သဘာဝမြေသြဇာနှင့်သဘာဝပိုးသတ်ဆေးကွင်းသရုပ်ပြပွဲ ကျင်းပ

သဘာဝမြေသြဇာနှင့်သဘာဝပိုးသတ်ဆေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က တန့်ဆည်မြို့ တောင်သူ ဦးမျိုးဝင်း၏(ကွင်းအမှတ် ၁၁၀ A) မျိုးစေ့ထုတ်ကွက်တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

စစ်တွေမြို့ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်

လူငယ်၊ လူရွယ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ် ရှုခြင်းဖြင့် အသိ ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စစ်တွေမြို့၊ ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွှေ့လျားစာကြည့်တိုက် Mobile Library ဖွင့်လှစ်ကာ အပတ်စဉ်စနေ နေ့တိုင်းစာအုပ်စာပေများကို အခမဲ့ ငှားရမ်းလျက်ရှိသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )၌ စာဖတ်ဝိုင်းဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club )၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူ၌ တောင်သူများအတွက် အထွက်ကောင်းဆီနေကြာ ဆင်းရွှေကြာ (၂) မျိုးစေ့အိတ်များ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ   စားသုံးဆီဖူလုံရေးအတွက် နေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအတွက် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပေးအပ်သည်။

ရေဦးမြို့တွင် ဖျက်အားပြင်းပိုးမွှား ကင်းထောက်မှတ်တမ်း‌ယူခြင်းနှင့် ဥကပ်ပါးနဂျီ လွတ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မုတ်စီကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် ဖျက်အားပြင်းပိုးမွှား ကင်းထောက် မှတ်တမ်းယူခြင်းနှင့် ဥကပ်ပါးနဂျီလွတ်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှသိရ သည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားမှုအခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဆရာမဒေါ်တင်မေသန်းနှင့် တွေ့ဆုံမေးမြန်းမှု

မေး။ မင်္ဂလာပါဆရာမကြီးခင်ဗျာ။ ဆရာမကြီးရဲ့နာမည်နဲ့ရာထူးတာဝန်လေးကို မိတ်ဆက်ပေးပါအုံးခင်ဗျာ။ ဖြေ။ မင်္ဂလာပါရှင့်။ ကျွန်မနာမည်ကတော့ ဒေါ်တင်မေသန်း ဖြစ်ပါတယ်။ အခြေခံပညာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ် ပညာရေးမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင် နေပါတယ်။

မိုင်း‌ငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၁၀၀)ဦး တို့အား ကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာနမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့သည်။

သီပေါမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၁)စုအတွက် အခြေခံစားသောက် ကုန်များလှူဒါန်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာနေ K.S(2) စက်ပစ္စည်း အရောင်းဆိုင်၊ အောင်ခိုင်မိုး စားသောက်ဆိုင်၊ ပြည့်စုံလ္ဘက်ရည်ဆိုင်၊ အငယ်ကောင် ကားလေးဝပ်ရှော့စသည့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အစားအသောက် အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန် ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to