ဇမ္ဗူသီရိ အောက်တိုဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက်ပြည်သူများအား ယမန်နေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေကြာပင်ဆေးပေးခန်းနှင့် သပြေကုန်း ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ပုံမှန် အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူ များကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ် ထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား Sept-Oct (Phase) အနေဖြင့် ယနေ့တွင် မွန်းလွဲ (၃) နာရီ အချိန်ထိ (၁၂၃၀) ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိ ရသည်။
မြို့နယ် (ပြန်/ဆက်)