နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် တမလန်းပင်ကျေးရွာနှင့် ညောင်ကျပ္ပင်ကျေးရွာရှိ ပြည်သူများ အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန် အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေး လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့ တမလန်းပင်ကျေးရွာနှင့် ညောင်ကျပ္ပင်ကျေးရွာရှိ ဒေသခံ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။