ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မတ်လ ပထမ ပတ်မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ တပ်ရင်း(၂၅)ခုမှ တပ်မိသားစု အိမ်ထောင်စုစာရင်း(၅၇၉)စုနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြား (ကျား) (၉၄၄)ဦး၊ (မ)(၁၀၅၅)ဦး စုစုပေါင်း (၁၉၉၉)ဦးကို ကျန်းမားရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပြီး တစ်ဦးနှင့်တစ်ဦး ၆ပေခွာ၍ စာရင်းစာရွက်၊ ဓာတ်ပုံတို့ကို ပေးစေပြီး တာဝန်ရှိသူ လဝက ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ ယနေ့ အောက်တိုဘာ ၉ ရက်နေ့ နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ်၂/ကစံပြ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အိမ်ထောင်စု စာရင်းများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။