ပုသိမ်မြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ခြင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

ပုသိမ်  အောက်တိုဘာ  ၁၀

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော  အသက်(၁၈)နှစ်ပြည့်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိ ရေးအတွက် မေလ ပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် ဒုလဝကမှူး ဒေါ်ခင်ခင်ထွန်းနှင့် လဝကမှူး ဦးအောင်ဖြိုးသူတို့ ဦးဆောင်သော ဝန်ထမ်းများက ရှောပြာကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လူဦးရေ ၂၀၀ ဦးကို အပြီးသတ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရှောပြာကျေးရွာတွင် အသက်(၁၆) နှစ်နှင့်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်အထက် လဲလှယ်၊ ပုံစံ(၆၆/၆ )ပြုလုပ်ခြင်း လဲလှယ်ခြင်း လုပ်ငန်းများအား One Stop Service  နေ့ချင်းပြီးဆောင်ရွက် ပေးကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဆောင်ရွက်ပေးရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီမှူး ဦးကျော်ထွန်းထံမှသိရသည်။

ပုသိမ်မြို့နယ်တွင် စီမံချက်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် မှန်မှန်ကန်ကန်ရရှိရေးကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ထွန်းက ပြောကြားသည်။

မြင့်ဟန်