ဂွမြိုနယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဆေးစတင်ထိုးနှံပေးခြင်းကို‌ ယနေ့နံနက် ၉ နာရီခွဲက ဂွမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်(၃)ခု၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိ

ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဦးဖြိုးဝေစိုး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို အောက်တိုဘာလ ၉ ရက် နေ့နှင့် ၁၀ ရက် နေ့တို့တွင် နံနက်ပိုင်းမှစ၍ ပြင်ခရိုင် အထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါးတစ်ဧကတင်း ၁၀၀ ထွက်ရှိရေး စံပြကွက် စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက် ဖြစ်သော်လည်း ယခုနှစ် မိုးရွာသွန်းမှု မှန်ကန်ခြင်းကြောင့် မိုးစပါး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် မသန်စွမ်းသူများ ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဘားအံခရိုင် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင်

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားဦးရေပေါင်း (၆၂၀၀)ကျော်အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၆၂၀၀)ကျော်အား ကိုဗစ်ကာကွယ်ဆေး များထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး ဆေးထိုးစင်တာ (၉)ခုဖွင့်လှစ်ကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေကူမြို့နယ် နောင်ကုတ်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ နောင်ကုတ်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်စာစောင် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က အဆိုပါ စာကြည့်တိုက်အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်းပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံ

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိပြီး ၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသူ ဦးသီးရင် ၏ ရင်တွင်းစကားသံကို ဖော်ပြပေးလိုက်ရပါသည်။

မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အချိန်မီပြီးစီးစေရေး လုပ်ငန်း ညှိနှိုင်း စည်းဝေးကျင်းပ

မွန်ပြည်နယ်အတွင်း၊ ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ငွေလုံး၊ငွေရင်း လုပ်ငန်းများနှင့် ပတ်သက်၍ အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ် ပညာရေးမှူး ဦးကိုကိုကြီးနှင့်တွေ့ဆုံမေးမြန်းမှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ပညာသင်ကြား လျက်ရှိ သော အသက် (၁၂) နှစ်အထက်၊ အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး

​ရေတာရှည်မြို့နယ်အတွင်း အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ စီစဉ် ဆောင်ရွက်ထားရှိမှုအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးနှင့် တွေ့ဆုံမေးမြန်း

မေး။ ။ နိုင်ငံတော်အစီအစဉ်နဲ့ အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
Subscribe to