ကျောက်တန်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ

ကျောက်တန်း   အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၌ အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ  ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာရေး ကောင်းမွနန်လာသူတစ်ဦး၏ ရင်တွင်းစကားသံများကိုလည်း အခုလို ဖော်ပြလိုက်ရပါသည်-

ဦးအောင်ကိုဝင်း (စေတနာ့ဝန်ထမ်း)

ကျွန်တော့်နာမည်ကတော့ ဦးအောင်ကိုဝင်း ဖြစ်ပြီး ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီကုသရေးစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် ပထမလှိုင်း၊ ဒုတိယလှိုင်း နဲ့ တတိယလှိုင်း () ကြိမ်လုံး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွါးတဲ့ ဇွန်လဆန်းပိုင်း မှစပြီး ကိုဗစ်ကုသရေး စင်တာမှာလူနာများနဲ့ နေ့စဉ်ထိတွေ့ ဆက်ဆံခဲ့ရပါတယ်။ အဲသလို တာဝန်ထမ်းဆောင်ရင်း ဇွန်လ ၁၂ ရက်နေ့မှာ အလုပ်ကိစ္စတစ်ခုနဲ့ အပြင်သွားရာမှာ မိုးမိပြီးဖျားလာပါတယ်။ ယခင်က ဖျားပြီဆိုရင် ပါရာစီတမောနဲ့ ပိုးသတ်ဆေးတစ်မျိုး သောက်လိုက်ရင် အဖျားကျပြီး သက်သာလာပါတယ်။ အခုဖျားတာကကျတော့ ဆေးသောက်တော့လည်း မသက်သာဘူး၊ ရက်မြောက်သည် အထိဝေဒနာက မသက်သာဘဲ ပိုပြီးဖျားလာတယ်။ အဲတာနဲ့ပဲ ကိုယ့်ကိုယ်ကို သံသယဝင်လို့ မြို့နယ်ပြည်သူ့ဆေးရုံးသို့ အကြောင်းကြားပြီး RDT နဲ့ စစ်ဆေးလိုက်တဲ့အခါမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီဆိုတာ သိရှိခဲ့ရပါတယ်။

အဲအချိန်မှာ အဖျားက ၁၀၃ ဒီဂရီစင်တီဂရိတ် နဲ့ သွေးတွင်း အောက်ဆီဂျင်ဓာတ် (Spo2) က ၈၂  ပဲ ရှိပါတယ်။  လိုအပ်တဲ့ အောက်ဆီဂျင်ပမာနရရှိဖို့ တစ်ညနဲ့တစ်မနက် အောက်ဆီဂျင် ရှူလိုက်ရပါတယ်။ တာဝန်ကျ ဆရာ/ဆရာမ တွေက လိုအပ်တဲ့ဆေးဝါးတွေကို တစ်နေ့()ကြိမ်  လာရောက် ထိုးနှံပေးခဲ့ပါတယ်။  လူတစ်ယောက် ကျန်းမာဖို့အတွက်ဆိုရင် ပဋိဇီဝဆေးဝါးတွေနဲ့ ကုသခြင်းအပြင် စိတ်ဓာတ်ကြံ့ခိုင်ဖို့ကလည်း အဓိကကျပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဓာတ်လေးပါး မျှတစွာ ကျင့်ကြံနေထိုင်ရန်လည်း လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ငါ ဒီရောဂါကို အောင်မြင်အောင် တွန်းလှန်မယ်ဆိုတဲ့ စိတ်နဲ့နေ့စဉ် တရားထိုင်တယ်၊ အသက်ရှူ လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တယ်၊ အောက်ဆီဂျင် တက်အောင် ဝမ်းလျားမှောက်ပြီး မကြာခဏအိပ်တယ်၊ အင်အားဖြစ်မဲ့ အစားအစာကိုလည်း ပုံမှန်စားပေးတယ်။ နောက်ပြီး လူနာအချင်းချင်းကိုလည်း အားပေးစကားတွေပြောပေးတယ်။ အထူးသဖြင့်တော့ စိတ်ဓာတ်မကျအောင်နေတယ်၊ စိတ်က အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်မှုနဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေတဲ့ အစားအာဟာရကို မျှတအောင် စားသုံးမှုတို့ကြောင့် အောက်ဆီဂျင်လည်း ပုံမှန်ပြန်ကောင်းလာပြီး ၁၁ ရက်မြောက်နေ့မှာပဲ ဆေးရုံဆင်းခွင့်ရရှိခဲ့ပါ တယ်၊ ကျွန်တော်အကြံပြုချင်တာကတော့-

နံပါတ်() ရောဂါကူးစက်မှုမခံရအောင် အရာဝတ္တုတွေကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ ခဏခဏဆေးပါ၊ အပြင်သွားတိုင်း နှားခေါင်းစည်း ၊မျက်နှာအကာ တပ်ဆင်ပါ၊ လူစုလူဝေးနေရာ တွေကို ရှောင်ပါ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။

နံပါတ်() အကယ်၍ ကူးစက်ခံရပါလည်း စိတ်ဓာတ်မကျပါနဲ့၊ ကိုယ်ခံအားကောင်းမဲ့ အစားအသောက်တွေကို စားသုံးပါ၊ ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါ၊ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ အသက်ရှူလေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ၊ အဲဒီအချက်တွေသာ လိုက်နာမည်ဆိုပါက ကိုဗစ်-၁၉ရောဂါကို အနိုင်ယူတိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်၊ အခုဆိုရင် နိုင်ငံတော်က ကိုဗစ်ကာကွယ်ဆေးတွေလည်း ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးနေပါပြီ၊ သွားရောက်ထိုးနှံကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ခင်ဆွေဝင်း  (ကျောက်တန်း)