ဗန်းမော်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ် ပန်းခင်းများဆီသို့" အသိပညာပေးဆိုင်းဘုတ်များကို ယမန်နေ့ ညနေ ၃ နာရီမှ စ၍ လူစည်ကားရာ နေရာများတွင် စိုက်ထူလျက်ရှိကြောင်း သိရသည်။