မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း (Field inspection) နှင့် (Scounting)နည်းဖြင့် ပိုးမွှားရောဂါ ကင်းထောက် နည်းပညာ စာတွေ့၊ လက်တွေ့ဆွေးနွေးပွဲ တောင်ကုတ်၌ကျင်းပ

သံတွဲ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မျိုးစေ့ထုတ် စိုက်ခင်းများအတွင်း (Fieldinspection)နှင့် (Scounting) နည်းဖြင့် ပိုးမွှားရောဂါ ကင်းထောက်နည်းပညာ စာတွေ့၊ လက်တွေ ဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်နေ့မှ ယနေ့အထိ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သင်ကြားဆွေးနွေးရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်လှလှဝင်းနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းတို့မှ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြပြီး တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာမှ တောင်သူ ဦးသန်းမြင့်နှင့် ကြိုးကြာကွင်းကျေးရွာမှ တောင်သူ ဦးလူမောင်တို့၏ မျိုးစေ့ထုတ် စံပြစိုက်ကွင်းများအတွင်း တောင်သူများနှင့်ပူးပေါင်း၍ (Fieldinspection)နှင့် (Scounting) နည်းပညာများဖြင့် ပိုးမွှားရောဂါ ကင်းထောက် စစ်ဆေးခြင်း များကို လက်တွေ့ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးသင်ကြားမှုများ ဆောင်ရွက်ရခြင်းမှာ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးနှင့် မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်သည့် တောင်သူများ အသိပညာဗဟုသုတများ တိုးပွါးပြီး အောင်မြင်သော မျိုးစေ့များ ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးထွန်းသိန်းထံမှ သိရှိရသည်။