ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်

မန္တလေး       အောက်တိုဘာလ   ၁၁

ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ် ( မန္တလေး) အောင်ပင်လယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းအေး၈ာစံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေလင်းက ဦးဆောင်ပြီး ဆေးတက္ကသိုလ(မန္တလေး)ရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၃၀)ဦးဝန်းကျင်ကို ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက် တွင် အသက်(၁၈)နှစ်ပြည့်လာမည်သူနှင့် ၁၈နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရှိသူ များအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်