လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံ ခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ်/ ရပ်ကွက်များသို့ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ်(၄) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။