ပုသိမ်မြို့တွင် ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ပုသိမ် အောက်တိုဘာ ၁၁ 

ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ပုသိမ်မြို့ မင်းကြီးလမ်း၊ အမှတ် ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ သော ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကိုယနေ့ နံနက် .နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ကျင်းပသည်။ 

သင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးက အမှာစကားပြောကြားရာတွင် ယခုလို အမျိုးသမီးငယ်များဘဝ တိုးတက်မြင့်မား လာစေရန် နိုင်ငံတော်မှ ရည်ရွယ်ချက်များထားရှိပြီး ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်းနှင့် ဌာန၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီ ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူ မပပဝင်း (လပွတ္တာခရိုင်သုံးမိုင်မြို့သစ်၊ လူငယ့်အားမာန်သင်တန်းကျောင်း)က ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုလို စက်ချုပ်သင်တန်းကို တက်ရောက်ခွင့် ရခဲ့တဲ့အတွက် သမီးတို့ရဲ့၀တ်စုံများကို သမီးတို့ကိုယ်တိုင် ချုပ်ဝတ်နိုင်တော့မည့်အပြင် မိသားစုများအတွက်ပါ ချုပ်ပေးနိုင်တော့မှာမို့ အတိုင်းမသိ ဝမ်းသာရပါတယ်။

အခုလို လူမှုဝန်ထမ်းဦးစီးဌာနက ရပ်ရွာအခြေပြုသင်တန်းများကို ဖွင့်လှစ်ပေးခြင်းအားဖြင့် အမျိုးသမီးများအဖို့ များစွာအကျိုးဖြစ်ထွန်းစေတဲ့အပြင် သမီးတို့ဟာ ကိုယ့်ကိုယ် ကိုယုံကြည်မှုတွေကို ပိုမိုရရှိလာပါကြောင်းနဲ့ မိတ်ဆွေ အသစ်များတိုးပွား လာဖြစ်ကြောင်း၊ ဆက်လက်၍လည်း စက်ချုပ်ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးရင်း ဝင်ငွေရအောင် လုပ်ဆောင်နိုင်သည်အထိ ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၁၁ ရက်ထိ ဖွင့်လှစ်ခဲ့ပြီး ကျေးလက်ဒေသများမှ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

 မြင့်ဟန်