ပလောက်မြို့အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ပလောက် မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေနှင့်တွေ့ဆုံ မေးမြန်း ထားသည်ကို ယခုလိုဖော်ပြ လိုက်ပါသည်။

 သာရဖုံကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဖိုးနှံပေးနေမှုအား မြို့နယ်ဆရာဝန်ကြီးက ကြီးကြပ်စစ်ဆေး၍ ဖျားနာနေသူများကို RDT စစ်ဆေးပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းသည် အရှေ့မော်တုန်းကျေးရွာ၊ ကျန်းမာရေး ဌာန လ/ထကျန်းမာရေးမှူး ဦးကျော်အောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ် (၂) ဦးရဲထက်ဟိန်း၊ မြို့နယ်ကိုဗစ်ထိစပ်သံသယလူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ တာဝန်ခံ ဦးသီဟသူနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ သာရဖုံကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်အထက် ဒေသခံမိဘပြည်သူများကို သာရဖုံရွာကျေးရွာကျေးလက်ကျန်းမာရေး ဌာန(ခွဲ) တာဝန်ခံဆရာမဒေါ်ငြိမ်ငြိမ်းအိနှင့်ပရဟိတလူငယ်အဖွဲ့တို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို ယမန်နေ့က ကြီးကြပ်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာ ပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း လိုက်လံ နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ ဦးစီးဌာနက ထိုးနှံပေးသည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ အောက်တိုဘာလ ၁၃ ရက်နေ့၌ ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အားရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘန်း ကချွန်ကျေးရွာ ပြည်သူများအား အထက(၁)၊ အဏ္ဏဝါအလယ်တန်းကျောင်းခွဲနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အဆောက်အဦတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလှုံ့ဆော် မြေစိုက်ပိုစတာစိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရေး လှုံဆော်မြေစိုက်ပိုစတာအား ယမန်နေ့ညနေ ၅ နာရီက မြို့၏အချက်အခြာကြရာ၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ တွင် စိုက်ထူကြကြောင်း သိရသည်။

မိုင်းယောင်း၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုင်းဘုတ်စိုက်ထူ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့”လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းယောင်း၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့”ဆိုင်းဘုတ်စိုက်ထူ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့”လက်ကမ်းစာစောင်များ ဖြန့်ဝေ မိုင်းယောင်း အောက်တိုဘာ ၁၁ နန်းစီဖောင်း

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား ယနေ့နံနက် ၉ နာရီတွင် အမှတ် ၂၀ အခြေခံပညာအထက်တန်းကျောင်း၌  ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီ၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရာက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ (အောက်တိုဘာလမှ မတ်လ) စီမံကိန်းရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီ၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးကြဖို့အတွက် သတိပေးနှိုးဆော်ခြင်းများ ပတ်သက်၍ တွေ့ဆုံ မေးမြန်းခြင်း

ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် သတ်မှတ်နယ်မြေအလိုက် အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေကိုလည်း ကာကွယ်ဆေးထိုးကြဖို့အတွက် အသိပေး ၊ သတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ထားပြီဖြစ်ပါတယ်ရှင့်…….။
Subscribe to