ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်လာသူ၏ ရင်တွင်း စကားသံ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ် ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး၊ ကိုဗစ် -၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသူ ဦးထူးထူး ၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

သာစည်မြို့နယ် ညောင်တိုကျေးရွာတွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၁ သန်းကျော်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျေးလက်ရေရှိရေးလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီး

မိတ္ထီလာခရိုင် သာစည်မြို့နယ် ညောင်တိုကျေးရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၁ သန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ် ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်းအထက်တန်းကလေးများအား ကျန်းမာပျော်ရွင် ပညာသင်ကြားနိုင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံနိုင်စေရေးအတွက် ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးမှူးရုံမှ အခမဲ့ဖြန့်ဝေသည့် ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်း များဆီသို့ ဟူသည့်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ပေးခြင်းကို ယနေ့နံနက် ၈နာရီ အချိန်ခန့်က အမှတ်(၅)ရပ်ကွက် မြို့လယ်ဘမ်းဆုံနေရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိဘပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဒီပဲယင်းမြို့နယ်တွင် မိုးမြေပဲစိုက်တောင်သူများ အထွက်နှုန်းကောင်း ဝင်ငွေကောင်း၍ စီးပွားရေး အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်တွင် နှစ်စဉ်မိုးစပါး ၊ နွေစပါး ၊ မိုးမြေပဲ ၊ ဆောင်းမြေပဲ ၊ နွေနှမ်း ၊ မိုးကြိုနှမ်း ၊ ပဲတီစိမ်း ပဲစဉ်းငုံ စသည့်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိကြပြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးမြေပဲစိုက်ပျိုးရာသီတွင် မိုးမြေပဲစိုက်ဧက ၃၁၂၁၁ ဧကလျာထားခဲ့ရာ လအလိုက ်မိုးရွာသွန်းမှု ကောင်းသဖြင့် ကွင်းပိတ်ချိန်တွင် မြေပဲစိုက်ဧက ၃၆၀၀၆ ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးဦးစီးဌာနမှသိရသည်။

ရေဖြူမြို့နယ်၊ ဧကနိ‌​​ကျေးရွာတွင် အသက် (၁၈)နှစ်အထက် ပြည်သူ(၃၆၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊အ-ထ-က ရေဖြူ၊အ-ထ-က ကံပေါက်၊ အ-ထ-က ကလိန်အောင် စုရပ်များအပြင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ များအား ယမန်နေ့နံနက်(၉)နာရီအချိန်က ရေဖြူမြို့နယ် ၊ဧကနိကျေးရွာ အုပ်စု၊အ-ထ-က ဧကနိ တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံ ခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ်/ ရပ်ကွက်များသို့ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ်(၄) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊စကောကရင်ဘာသာ၊မြန်မာဘာသာဖြင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် ယနေ့ နံနက် ၈ နာရီက (ပြန်/ဆက်)ဝန်ထမ်းများ၊ မီးသတ်အဖွဲ့များက မြို့ပေါ်ရပ်ကွက်များ တွင် ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ ၊မြန်မာ ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ မထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm ပထမအကြိမ် မထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် မြို့နယ်အတွင်းရှိကျေးရွာများမှ ပြည်သူများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိသည်။
Subscribe to