မြောက်ဦး အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင် ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရတဲ့အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု နှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် ယခုလိုတွေ့ဆုံမေးမြန်း ထားခြင်းဖြစ်ပါတယ်။
ဒေါ်အုန်းရွှေ
(မြို့နယ်ပညာရေးမှူး)
မြောက်ဦးမြို့
မေး။ မင်္ဂလာပါ ဆရာမကြီးရှင့်။ ဆရာမကြီးရဲ့ အမည်၊ ရာထူးနှင့်တာဝန်လေး သိပါရစေရှင့်။
ဖြေ။ ကျွန်မကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ပညာရေးမှူး ရုံးမှမြို့နယ်ပညာရေးမှူး ဒေါ်အုန်းရွှေ ဖြစ်ပါတယ်။
မေး။ ဆရာမကြီးတို့ရဲ့ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ နိုင်ငံတော်အစီအစဉ်နဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုတွေရယ်၊ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ အခြေအနေလေး တွေကိုလည်း သိပါရစေရှင့်။
ဖြေ။ ဆရာမကြီးတို့ရဲ့ ကြိုတင်ပြင်ဆင်မှုများအနေဖြင့် အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးထိုးနှံပေးမှာ ဖြစ်တဲ့အတွက် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို ကြိုတင် ဆောင်ရွက်ထားရှိပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးတဲ့အခါမှာလည်း မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ၊ ကျောင်းသား မိဘများနှင့် ပညာရေးဝန်ထမ်းများ အားလုံးပူးပေါင်း ပါဝင်ပြီး ကျောင်းများရှိကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးချင်စိတ်ရှိလာအောင် စည်းရုံးတိုက် တွန်းပေးဖို့ ကျောင်းအုပ်ဆရာ/ဆရာမကြီးများအား မှာကြားထားပြီးဖြစ်ပါတယ်။
မေး။ မြောက်ဦးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမယ့် အခြေခံပညာကျောင်း အရေအတွက်နဲ့ကျောင်းသား/ကျောင်းသူဦးရေစာရင်းကိုလည်းသိပါရစေရှင့်။
ဖြေ။ ဆရာမကြီးတို့ရဲ့ မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အခြေခံပညာ ကျောင်းပေါင်း(၁၄၈)ကျောင်း၊ အလယ်တန်းကျောင်းသား(၆၁၄၂)ဦး၊ ကျောင်းသူ (၅၈၂၄) ဦး၊အထက်တန်းအဆင့် ကျောင်းသား(၁၂၅၃)ဦး၊ ကျောင်းသူ(၁၂၂၆)ဦး စုစုပေါင်း အလယ်တန်းအဆင့် ကာကွယ်ဆေးထိုးနှံမည်သူ စုစုပေါင်း(၁၁၉၆၆)ဦးနှင့် အထက်တန်းအဆင့် ကာကွယ်ဆေးထိုးနှံမည့်သူ စုစုပေါင်း(၁၄၄၄၅) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ဆရာမကြီးတို့အနေနဲ့ ထပ်ပြီးတော့ ကာကွယ်ဆေးထိုးနှံပေးမယ် စုရပ်နေရာလေး တွေကိုလည်း သိပါရစေရှင့်။
ဖြေ။ ဆရာမကြီးတို့အနေနဲ့ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်နေရာ(၂၂)ခုဖြင့် ကျောင်းသား/ ကျောင်းသူလေးများအား စုရပ်နေရာအသီးသီး၌ ကာကွယ်ဆေးများထိုးနှံပေးသွားမှာ ဖြစ်ပါ တယ်။
မေး။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို သတ်မှတ်နေရာတွေမှာ လာရောက်ဆေးထိုးနှံဖို့ အသိပေးမှုတွေကို ဆရာမကြီးအနေနဲ့ ဘယ်လို ဆောင်ရွက်ထားပါသလဲ သိပါရစေရှင့်။
ဖြေ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို သတ်မှတ်နေရာတွေမှာ လာရောက်ဆေးထိုးနှံဖို့အသိပေးမှုတွေကို စုရပ်ခေါင်းဆောင်များဖြစ်သည့် အလယ်တန်းနှင့်အထက်တန်း ဆရာ/ဆရာမကြီးများက မိမိတို့စုရပ်နေရာများတွင် ပါဝင်သော အခြေခံပညာကျောင်းများကို ဖုန်းဖြင့် အကြောင်းကြားခြင်း၊ Viber Group များတွင် ဆေးထိုးရမည့် ရက်နှင့်အချိန်မှီ လာရောက်နိုင်အောင် နိူးဆော်ပေးခြင်းများ ဆောင်ရွက်ထားရှိပါတယ်။
မေး။ မကြာခင်အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရတဲ့အတွက် ကျောင်း ပြန်လည်ဖွင့်လှစ်ဖို့အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သိပါရစေရှင့်။
ဖြေ။ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခွင့်ရရှိလျင် အေးချမ်းကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေး ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားနိုင်အောင် စီစဉ်ဆောင် ဆောင်ရွက်ထားရှိပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေစေဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းတွေကိုလည်း သိပါရစေရှင့်။
ဖြေ။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေစေဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။
မေး။ နောက်ဆုံးအနေနဲ့ ယခုလို အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံတွေလည်း ပြောပြပေးပါရှင့်။
ဖြေ။ ယခုလို အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် နိုင်ငံတော်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ်ကူးစက်မှုမှလည်း ကာကွယ်ပြီးဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုနှုန်း လျော့နည်းလာစေမှာဖြစ်ပြီး "ကျန်းမာပျော်ရွှင် ရောဂါကင်းစင်"ပြီးတော့ ပညာကိုလည်း အေးချမ်းစွာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
မေး။ ဆရာမကြီးအနေနဲ့ အခြားဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောကြားပေး စေချင်ပါတယ်။
ဖြေ။ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းလူတိုင်းထိုးနှံသင့်ပါတယ်။ မိမိပတ်ဝန်းကျင်မှာလဲ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံလာအောင်နှင့် ကိုဗစ်ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလာမှာဖြစ်တဲ့အတွက် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြမယ်ဆိုရင် လုံးဝရောဂါကင်းစင်တဲ့ ပတ်ဝန်းကျင်ကို ရရှိလာမှာ ဖြစ်ပြီးတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ပေးသော ကျန်းမာရေး ဝန်ကြီးဌာနအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရှင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- ဒေါ်ခင်သီရိဟေမာန်(မြို့နယ်ဦးစီးမှူး)
သတင်း၊ဓါတ်ပုံ- ခင်မောင်ထွန်း(ပြန်/ဆက်)