ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ   အောက်တိုဘာ   ၁၁

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ အဖွဲ့များခွဲ၍ ယမန်နေ့က မန့်ကလဲ့ငုတော ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထီးပနန်းကျေးရွာအုပ်စု တို့တွင်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများကကျေးရွာ အုပ်စု()စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၁၁၄)ဦး၊ အသက် (၁၈)နှစ် ပြည့်(၉၃)ဦး၊ လဲလှယ်(၃၁)ဦး မိတ္တူ(၄၅)ဦး၊ စုစုပေါင်း(၂၈၃)ဦးနှင့် ပြောင်းရွှေ့အိမ်ထောင်စု (၁၇)စုအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂၆)အုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသော ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောသန္တာဦး (ပြန်/ဆက်)