ကျောက်တော် အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများဖြစ်သည့် အသက်(၃၅)နှစ် အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေး ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သတ်မှတ်စုရပ်နေရာ၌ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အသက်(၃၅)နှစ်အထက် ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံလာသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း စသော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီး သူများအား မီနစ်(၃၀)ခန့် အနားယူစောင်ကြည့်ခြင်းများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၃၅) နှစ်အထက် ပြည်သူများ၊ ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ်ကာကွယ် ဆေးများအား ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကိုဗစ်ကာ ကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)