ဗန်းမော် အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ် ပန်းခင်းများဆီသို့" အသိပညာပေးဆိုင်းဘုတ်များကို ယမန်နေ့ ညနေ ၃ နာရီမှ စ၍ လူစည်ကားရာ နေရာများတွင် စိုက်ထူလျက်ရှိကြောင်း သိရသည်။
အဆိုပါ "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့" "ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့" အသိပညာပေးဆိုင်းဘုတ်များကို ဗန်းမော်မြို့ သိမ်မဟာစေတီတော် ဘုရားဝင်းရှေ့ တွင်လည်းကောင်း၊ ပေါက်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လည်းကောင်း၊ အလယ် ရပ်ကွက်ရှိ ကမ်းနားလမ်း င်္ဘောဆိပ်တွင် လည်းကောင်း၊ (၃)မိုင် ရွှေပြည်သာရပ်ကွက်ရှိ မြို့ပတ် လမ်းဆုံ၌လည်းကောင်း အသီးသီးစိုက်ထူဆောင်ရွက်ခြင်းကို ဗန်းမော်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးကြပ်၍ ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရာတွင် မိဘအုပ်ထိန်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)