တောင်တွင်းကြီးမြို့နယ်တွင်“ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၀၂၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၇၁၃) စောင်ဆောင်ရွက်ပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ တောင်တွင်ကြီးမြို့နယ် ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၀၂၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၇၁၃)စောင် ဆောင်ရွက် ပြီးစီးကြောင်း သိရသည်။

ငပလီမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယနေ့ ဆက်လက် ထိုးနှံပေးလျက်ရှိ

ငပလီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (တတိယအသုတ်) ဒုတိယနေ့အဖြစ် ဦးစာပေးအဆင့်အလိုက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ စုရပ်(၁) အမက(မူလွန်)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းအချိန်မှစ၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" အသိပညာပေးကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ပန်းရွှေဝါပန်းခြံရှေ့၌ ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ရှိ ပရိယတ္တိစာသင်တိုက်၊ ဦးဉာဏိက ဆရာတော်ကြီးနှင့် သာသနဇောတိကကျောင်းတိုက် ဦးဣန္ဒဝံသ ဆရာတော်ကြီး တို့ထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ် ပစ္စည်းများနှင့် အလှူတော်ငွေတို့အား အသီးသီးဆပ် ကပ်လှူဒါန်းခဲ့ကြသည်။

တနိုင်းမြို့နယ်တွင် ဒေသကြက်မွေးမြူရေးအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ဒေသကြက်မွေးမြူရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ကင်ဆားရာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ တနိုင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာအောင်ကျော်မင်းကဟောပြောရာတွင်ဒေသကြက်မျိုးများအကြောင်း၊ခြံဆောက်လုပ်ခြင်းအကြောင်း၊ဒေသကြက်တွေရဲ့သဘာဝအကြောင်း၊ကြက်ရောဂါများအကြောင်း၊အစာများအကြောင်း၊ကာကွယ်ဆေးများအကြောင်း၊ဒေသကြက်မွေးမြူရေးစီမံခန့်ခွဲမှုများအကြောင်း၊ ဇီဝလုံခြုံရေးမှုအကြောင်းများ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဆက်လက် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂) နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ထိုးနှံနိုင်ရန်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ မံစီမြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေ နှင့်တွေ့ဆုံမေးမြန်း

မေး။ ဆရာမကြီးတို့ရဲ့ အထက်တန်း/ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိပါစေရှင့်။
Subscribe to