ကျောက်တော်မြို့ အသက်(၃၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများဖြစ်သည့် အသက်(၃၅)နှစ် အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေး ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သတ်မှတ်စုရပ်နေရာ၌ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။