တောင်တွင်းကြီးမြို့နယ်တွင်“ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၀၂၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၇၁၃) စောင်ဆောင်ရွက်ပြီးစီး

တောင်တွင်းကြီး အောက်တိုဘာ ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ တောင်တွင်ကြီးမြို့နယ် ဦးစီးမှူးရုံးကပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၀၂၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၇၁၃)စောင် ဆောင်ရွက် ပြီးစီးကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်း ရှိမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ  ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ မေလ()ရက်နေ့မှစတင်ကာ စိစစ်ဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့အထိ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အကြား နိုင်ငံသားစိစစ်ရေး ကတ်ပြား(၈၃၆)ကတ်၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၁၅)ကတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(လဲလှယ်) (၅၇၆)ကတ်၊ ပျောက်ဆုံး၊ ပျက်စီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (မိတ္တူ)  (၉၉၄)ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၀၂၁)ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၁၇၁၃)ခုတို့ကို စိစစ်ဆောင်ရွက် ပြီးစီးသောကြောင့် သက်ဆိုင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပြီး ဖြစ်ကြောင်း၊  ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိအပြီးသတ် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်တွင်းကြီး မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်မှူး ဦးကျော်ထူး က ပြောသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေးပန်းခင်းစီမံချက်လုပ်ငန်းမှာ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများ၊ မည်သည့် ကတ်အမျိုးအစားမျှ ကိုင်ဆောင်ထားခြင်း မရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီလ()ရက်နေ့မှ၂၀၂၂ခုနှစ်၊ဧပြီလ ()ရက်နေ့အတွင်း တိုးလာမည့်အသက်(၁၈)နှစ်နှင့် အထက်ရှိသူများကို အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ခွင့် ရရှိနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)