ပန်းတနော် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" အသိပညာပေးကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ပန်းရွှေဝါပန်းခြံရှေ့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးမင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များကပူးပေါင်း၍ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ များအား ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ် ပန်းခင်းများ ဆီသို့ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့"စသည့် အသိပညာပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပန်းရွှေဝါပန်းခြံရှေ့၊ မြို့မစျေး၊ လမ်းဆုံလမ်းခွနှင့် လူအသွားအလာ များသောနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ ဆက်)