ငပလီ အောက်တိုဘာ ၁၁
ငပလီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (တတိယအသုတ်) ဒုတိယနေ့အဖြစ် ဦးစာပေးအဆင့်အလိုက် ဦးတည်အုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ငပလီမြို့၊ စုရပ်(၁) အမက(မူလွန်)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းအချိန်မှစ၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံ သူများကို ကျန်းမာရေး ဝန်ကြီဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ သတ်မှတ်နေရာများတွင် ထိုးနှံပေး လျက်ရှိပြီး လာရောက်သူများအနေဖြင့် နှောက်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက် ရပ်ကွက်အလိုက် စာရင်းကြိုတင်ကောက် ယူပေးခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျန်းမာရေး စစ်ဆေးမှုပေးပြီးမှ တိုကင်စနစ်ဖြင့် သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အများပြည်သူများနှင့် ထိတွေ့ဆက်ဆံနေသူများ ပရဟိတ ဆောင်ရွက် ပေးနေသည့် စေတနာ့ဝန်ထမ်း(၁၉)ဦး၊ ဟိုတယ်ဝန်ထမ်း(၃၄)ဦး၊ အခြားဝင် ငွေရှိသောပြည်သူ(၃၅၇)ဦး၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ(၁၈)ဦး၊ အသက်(၅၅) နှစ်နှင့် မှိခိုနေသူ (၁၀)ဦး စုစုပေါင်း (၄၅၀) ဦးကို ဆက်လက်ထိုးနှံခဲ့ကြောင်း သိရသည်။
ငပလီမြို့တွင် ကာကွယ်ဆေးများကို သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ ပထမအကြိမ် (ဒုတိယအသုတ်) ဦးတည်အုပ်စု ပြည်သူ(၁၉၈၅) အထိ ထိုးနှံပေးပြီး ပထမအကြိမ် (တတိယအသုတ်)ကို အောက်တိုဘာလ (၁၀)နေ့မှ (၁၁)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၉၀၀)ဦးရှိပြီး ငပလီမြို့တွင် ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပြီးပြည်သူ စုစုပေါင်း (၂၈၈၅)ဦး အထိ အပြီးသတ်ထိုးနှံပေးခဲ့ပြီး ဖြစ်ပါကြောင်း သိရသည်။
ရန်ငြိမ်း