တနိုင်း အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ဒေသကြက်မွေးမြူရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက ကင်ဆားရာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ တနိုင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါက်တာ အောင်ကျော်မင်းက ဟောပြောရာတွင် ဒေသကြက်မျိုးများအကြောင်း၊ ခြံဆောက်လုပ်ခြင်းအကြောင်း၊ ဒေသကြက်တွေရဲ့သဘာဝအကြောင်း၊ ကြက်ရောဂါများအကြောင်း၊ အစာများအကြောင်း၊ ကာကွယ်ဆေးများအကြောင်း၊ ဒေသ ကြက်မွေးမြူရေးစီမံခန့်ခွဲမှုများအကြောင်း၊ ဇီဝလုံခြုံရေးမှုအကြောင်းများ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ဟောပြောပွဲကို တနိုင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူးဒေါက်တာအောင်ကျော်မင်းက နံနက်(၁၀)နာရီမှ နေ့လည်(၁၂)ထိဟောပြောပြီး ကင်ဆားရာ ရပ်ကွက်မှ ပြည်သူ(၃၂)ဦးတက်ရောက်ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)