စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ရှိ  ပရိယတ္တိစာသင်တိုက်၊ ဦးဉာဏိက ဆရာတော်ကြီးနှင့် သာသနဇောတိကကျောင်းတိုက် ဦးဣန္ဒဝံသ ဆရာတော်ကြီး တို့ထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ် ပစ္စည်းများနှင့် အလှူတော်ငွေတို့အား  အသီးသီးဆပ် ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံ ကောလိပ် စာသင်ကျောင်းဆောင် အဆောက်အဦများနှင့် ကျောင်းဖွင့်လှစ်သင်ကြားမည့် အခြေအနေ များအား ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းသူများအိပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး သိပ္ပံ(ဟုမ္မလင်း)သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီး ဦးကိုးထင်းက ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းဖွင့်လှစ် သင်ကြားမည့် အခြေအနေများနှင့်  ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း) ကျောင်းအတွင်း စာသင်ဆောင်များ၊ အိပ်ဆောင် အဆောက်အဦများ ဆောက်လုပ် ပြီးစီးမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ ရောက်ရှိရာ ဆေးကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ ပေးအပ်ကာ ဆေးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး နောင်ပကျစ်ရပ်ကွက်ရှိ အောက်ဆီဂျင် ထုတ်လုပ်ရေး စက်ထားရှိမည့် အဆောက်အဦတည် ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။       

ဝင်းဦး(ဇေယျာတိုင်း)